တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၆၉ ဦး ရှိကြောင်း အတည်ပြု

ဂျပန်နိုင်ငံရဲ့မြို့တော် တိုကျိုမှာ စနေနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် အရေအတွက် ၃၆၉ ဦး ရှိတယ်လို့ တိုကျိုမြို့အုပ်ချုပ်ရေးအရာရှိတွေက အတည်ပြုခဲ့ပါတယ်။

တစ်နေ့တာ ကူးစက်ခံရသူ အရေအတွက် ၅၀၀ ဦး အောက် ရှိခဲ့တာ အခုဆိုရင် ၇ ရက် ဆက်တိုက် ဖြစ်ပါတယ်။
ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကနေစရင် တိုကျိုမှာ ကူးစက်ခံရတယ်လို့ စမ်းသပ်တွေ့ရှိခဲ့သူ အရေအတွက် စုစုပေါင်း ၁၀၆,၁၃၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။