တိုကျိုမှာ သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၃၀၇ ဦးရှိ

တိုကျိုမှာ သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၀၇ ဦးရှိတယ်လို့ တိုကျိုမြို့ အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ဂျပန်အချိန် မွန်းလွဲ ၃ နာရီ အချိန်အထိ တိုကျိုမှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၀၅,၇၆၅ ဦး ရှိပါတယ်။
တစ်နေ့တာ ကူးစက်သူအရေအတွက် ၅၀၀ အောက် လျော့သွားတာ ၆ ရက်ဆက်တိုက်ရှိပြီ ဖြစ်ပါတယ်။