Gifu ခရိုင်မှာရှိတဲ့ နိုင်ငံခြားသားတွေအတွက် အရေးပေါ် တယ်လီဖုန်းလိုင်း

အောက်ဖော်ပြပါ သတင်း အချက်အလက်တွေဟာ ဂျပန်နိုင်ငံအတွင်းမှာ နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေ အတွက် ရည်ရွယ်ပါတယ်။

Gifu ခရိုင်အတွင်းမှာ နိုင်ငံခြားသားတွေအတွက် နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စတွေကို ဆွေးနွေးတိုင်ပင်နိုင်တဲ့ ဝန်ဆောင်မှုတွေကို Gifu Prefectural Consultation Centre for Foreign Residents ကနေ ပေးနေပါတယ်။ မြန်မာ၊အင်္ဂလိပ်၊တရုတ်၊ပေါ်တူဂီ၊တာဂလော့၊ဗီယက်နမ်၊ကိုရီးယား၊အင်ဒိုနီးရှား၊ထိုင်း၊ခမာ၊နီပေါ၊စပိန်၊မလေးနဲ့ မွန်ဂိုလီးယား စတဲ့ ဘာသာစကား ၁၄ မျိုးနဲ့ အဲဒီ ဝန်ဆောင်မှုတွေကို ပေးနေပါတယ်။
COVID-19 နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို တိုင်ပင်ဆွေးနွေးနိုင်တဲ့ ဝန်ဆောင်မှုကိုလည်း အဲဒီစင်တာမှာ ရယူနိုင်ပါတယ်။
ခေါ်ဆိုသူတွေဟာ နေ့စဉ် တနင်္လာနေ့ကနေ သောကြာနေ့၊ မနက် ၉ နာရီခွဲ ကနေ ညနေ ၄ နာရီခွဲ အချိန် အထိ စင်တာမှာရှိတဲ့ ဝန်ထမ်းနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ ၀၅၈-၂၆၃-၈၀၆၆ ဖြစ်ပါတယ်။
ဒီသတင်း အချက်အလက်တွေကို NHK WORLD JAPAN ရဲ့ အင်တာနက် စာမျက်နှာနဲ့ NHK ရဲ့ လူမှုကွန်ယက်မီဒီယာ စာမျက်နှာတွေမှာ ဖတ်ရှုနိုင်ပါတယ်။
သက်ဆိုင်ရာ ဒေသတွေမှာ ရှိတဲ့ မိသားစုဝင်တွေ ဒါမှမဟုတ် မိတ်ဆွေတွေဆီကို ဒီသတင်းအချက်အလက်တွေကို မျှဝေပေးစေလိုပါတယ်။