တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၄၃၄ ဦးရှိ

တိုကျိုမှာ ကြာသပတေးနေ့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၄၃၄ ဦးရှိတယ်လို့ တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။ တစ်နေ့တာ ကူးစက်သူအရေအတွက် ၅၀၀ အောက် လျော့သွားတာ ၅ ရက်ဆက်တိုက် ရှိပြီ ဖြစ်ပါတယ်။

ကပ်ရောဂါစတင်ခဲ့ပြီးနောက်ပိုင်း တိုကျိုမှာ ဒီဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်လို့ စမ်းသပ်တွေ့ရှိထားသူ စုစုပေါင်း ၁၀၅,၄၅၈ ဦး ရှိပါတယ်။
တိုကျိုမှာ ရောဂါပြင်းထန်သူ ၁၀၃ ဦးရှိပြီး ဗုဒ္ဓဟူးနေ့ကနဲ့ အလားတူ ဖြစ်ပါတယ်။