မြန်မာ အရာရှိတွေရဲ့ သေနတ်နဲ့ ပစ်ခတ်မှုတွေကို ဂျပန် နဲ့ အမေရိက ရှုတ်ချ

မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို လတ်တလော သေနတ်နဲ့ ပစ်ခတ်မှုတွေကို ဂျပန်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတွေက ရှုတ်ချ အပြစ်တင်လိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu ဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တယ်လီဖုန်း ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်မှာ အာဏာသိမ်းမှုကို ဆန္ဒပြနေသူတွေကို လုံခြုံရေးအရာရှိတွေက သေနတ်နဲ့ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး သူတို့ရဲ့ ရှုတ်ချ အပြစ်တင်မှု ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ရပ်တွေကို ချက်ချင်း ရပ်ဆိုင်းရေး မြန်မာ အာဏာပိုင်တွေကို တောင်းဆိုဖို့ သူတို့က သဘောတူခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ စစ်တပ်အနေနဲ့ ထိန်းသိမ်းထားတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရာရှိတွေကို အမြန်ဆုံး လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီ နိုင်ငံရေးစနစ် ပြန်လည်ဖော်ဆောင်ဖို့တွေကို တိုက်တွန်းရေးအတွက်လည်း သူတို့က သဘောတူခဲ့ကြပါတယ်။