တိုကျိုအိုလံပစ် ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌနေရာမှ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းကို အစားထိုးဖွယ်ရှိ

တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ် အားကစားပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ Mori Yoshiro ရဲ့ နေရာမှာ ဂျပန် ကြေးစားဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း Kawabuchi Saburo ကို အစားထိုးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

မစ္စတာ Mori ရဲ့ နေရာမှာ ဆက်ခံမယ့်သူရွေးချယ်တာတွေကို လုပ်ဆောင်နေပြီး မစ္စတာ Kawabuchi ဟာ အဓိက အလားအလာရှိသူ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
မစ္စတာ Kawabuchi က ဒီရာထူးကို လက်ခံဖို့ ဆန္ဒရှိကြောင်း ပြသခဲ့တယ်လို့ သူတို့က ဆိုပါတယ်။
မစ္စတာ Kawabuchi ဟာ လို့ ခေါ်တဲ့ J.League ဂျပန်ကြေးစား ဘောလုံးအဖွဲ့ချုပ်ရဲ့ ပထမဦးဆုံး ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ပါတယ်။ သူဟာ တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ် အားကစားပွဲတွေအတွက် အိုလံပစ်ကျေးရွာ အကြီးအကဲအဖြစ် တာဝန်ယူနေပါတယ်။