တိုကျိုအိုလံပစ်ပွဲ ကျင်းပရေးကော်မတီ အကြီးအကဲ သူ့ရဲ့ ပြောဆိုချက်တွေကို အကြောင်းပြုပြီး နုတ်ထွက်မယ်

တိုကျို အိုလံပစ်နဲ့ ပါရာလင်းပစ် အားကစားပွဲ ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ Mori Yoshiro က ရာထူးကနုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။

အမျိုးသမီးတွေအပေါ် သူ့ရဲ့ မှတ်ချက်စကားတွေကို ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပြီးနောက် အခုလို ဖြစ်လာခဲ့တာပါ။
ဝန်ကြီးချုပ်ဟောင်း မစ္စတာ Mori က ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ အမျိုးသမီးတွေတက်တဲ့ ဘုတ်အဖွဲ့အစည်းအဝေးတွေဟာ အချိန်ကြာလွန်းတယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီ မှတ်ချက်စကားနဲ့ ပတ်သက်ပြီး သူက နောက်ပိုင်းမှာ တောင်းပန်ခဲ့ပါတယ်။
ဒါပေမဲ့ သူ့ရဲ့ မှတ်ချက်တွေကို ဝေဖန်မှု အများအပြားပေါ်ထွက်ခဲ့ပြီး တိုကျိုအားကစားပွဲအတွက် စေတနာ့ဝန်ထမ်းတွေ ရာနဲ့ချီပြီး နုတ်ထွက်တာတွေ ဖြစ်လာခဲ့ပါတယ်။
ကြာသပတေးနေ့မှာ မစ္စတာ Mori က ကော်မတီ ဥက္ကဋ္ဌ အဖြစ်က နုတ်ထွက်ဖို့ သူ့ရဲ့ ဆန္ဒနဲ့ ပတ်သက်ပြီး သက်ဆိုင်သူတွေကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ မှတ်ချက်စကားတွေအတွက် တာဝန်ယူလိုတယ်လို့ ပြောခဲ့ကြောင်း သိရပါတယ်။