Aichi ခရိုင်မှာ နိုင်ငံခြားသားတွေအတွက် COVID-19 အရေးပေါ် တယ်လီဖုန်းလိုင်းဖွင့်

ဂျပန်မှာနေထိုင်ကြတဲ့ နိုင်ငံခြားသားတွေအတွက် အထူးရည်ရွယ်တဲ့ သတင်းအချက်အလက်တွေကို တင်ဆက်ပါမယ်။
Aichi ခရိုင်ဟာ နိုင်ငံခြားသားတွေအတွက် COVID-19 နဲ့ပတ်သက်တဲ့ ဆွေးနွေးတိုင်ပင်နိုင်တဲ့ ဝန်ဆောင်မှုတွေကို Aichi Multicultural Center မှာပေးနေပါတယ်။ အဲဒီဝန်ဆောင်မှုတွေကို ဘာသာစကား ၁၁မျိုးဖြစ်တဲ့ မြန်မာ၊ ပေါ်တူဂီ၊ စပိန်၊ အင်္ဂလိပ်၊ တရုတ်၊ တာဂလော့၊ ဗီယက်နမ်၊ နီပေါ၊ အင်ဒိုနီးရှား ထိုင်းနဲ့ ကိုရီးယား ဘာသာစကားတွေ နဲ့ ရနိုင်ပါတယ်။
အဲဒီဝန်ဆောင်မှုတွေကို တနင်္လာကနေ စနေနေ့တွေမှာ မနက်၁၀နာရီကနေ ညနေ၆နာရီအထိ ပေးနေပါတယ်။ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်က ၀၅၂-၉၆၁-၇၉၀၂ ဖြစ်ပါတယ်။
ဒီသတင်းအချက်အလက်တွေကို NHK WORLD JAPAN ရဲ့ အင်တာနက်စာမျက်နှာနဲ့ NHK ရဲ့ လူမှုဆက်သွယ်ရေး မီဒီယာ စာမျက်နှာတွေမှာ ဖတ်ရှုနိုင်ပါတယ်။
သက်ဆိုင်ရာ ဧရိယာတွေမှာရှိတဲ့ မိသားစုဝင်တွေ ဒါမှမဟုတ် မိတ်ဆွေတွေဆီ ဒီသတင်းအချက်အလက်တွေကို မျှဝေပေးစေလိုပါတယ်။