Mie ခရိုင်မှာ နိုင်ငံခြားသားတွေအတွက် အရေးပေါ် တယ်လီဖုန်းလိုင်းကို တနင်္ဂနွေနေ့တွေမှာပါ ဖွင့်လှစ်

အခုအခါ Mie ခရိုင်က နိုင်ငံခြားသားနေထိုင်သူတွေအတွက် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဖြစ်လာတဲ့ ပြဿနာတွေကို ကူညီပေးဖို့ တယ်လီဖုန်းနဲ့ အခမဲ့ဆွေးနွေးမှုတွေကို ရုံးဖွင့်ရက်တွေအပြင် တနင်္ဂနွေနေ့မှာပါ ဝန်ဆောင်မှု ပေးနေပါတယ်။
Mie ခရိုင်က နိုင်ငံခြားသားနေထိုင်သူတွေ ဆွေးနွေးတိုင်ပင်နိုင်တဲ့ စင်တာ MieCo ဟာ စုစုပေါင်း ဘာသာစကား ၁၁မျိုးဖြစ်တဲ့ ဂျပန်၊ အင်္ဂလိပ်၊ ပေါ်တူဂီ၊ စပိန်၊ တာဂလော့၊ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်၊ နီပေါ၊ အင်ဒိုနီးရှား နဲ့ ထိုင်းဘာသာစကားတွေနဲ့ ဝန်ဆောင်မှုပေးနေပါတယ်။
အဲဒီဝန်ဆောင်မှုကို တနင်္လာနေ့ကနေ သောကြာနေ့တွေမှာ မနက် ၉နာရီ ကနေ ညနေ ၅ နာရီအချိန်အတွင်း ရရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ဒီလကစပြီး အဲဒီအရေးပေါ်ဖုန်းလိုင်းကို တနင်္ဂနွေနေ့မှာလည်း မနက်၉နာရီကနေ ညနေ၅နာရီအထိ ဖွင့််ထားမှာ ဖြစ်ပါတယ်။ ဖုန်းနံပါတ်က ၀၈၀-၃၃၀၀-၈၀၇၇ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆက်လက်ဖြစ်ပွားနေတာကြောင့် ပြဿနာတွေ ကြုံနေရတဲ့ နိုင်ငံခြားသားနေထိုင်သူတွေကို အထောက်အပံ့ပေးလိုတယ်လို့ ခရိုင်အရာရှိတွေက ဆိုပါတယ်။
တနင်္ဂနွေနေ့မှာပေးတဲ့ ဒီဝန်ဆောင်မှုဟာ ရုံးဖွင့်ရက်တွေမှာ အလုပ်လုပ်နေရတဲ့သူတွေအတွက် ဆွေးနွေးတိုင်ပင်မှုတွေ ရယူဖို့အတွက် ပိုပြီးလွယ်လွယ်ကူကူ ဖြစ်လာမယ်လို့ သူတို့က မျှော်လင့်ပါတယ်။