ခါဂိုးရှီမ ခရိုင်၊ Izumi မြို့မှာ နိုင်ငံခြားသားတွေကို ကူညီထောက်ပံ့နေ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ ကာလရှည်ကြာ ဂယက်ရိုက်မှုတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံခြားသားတွေကို ကူညီထောက်ပံ့တဲ့ အစီအစဉ်တစ်ခုကို ခါဂိုးရှီမ ခရိုင်က မြို့တစ်မြို့မှာ ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။

တနင်္လာနေ့က Izum မြို့မှာနေထိုင်တဲ့ နိုင်ငံခြားသားတွေနဲ့ နည်းပညာ သင်တန်းသား လုပ်သား ၅၄၀ ကျော်ကို ဆန်နဲ့ လက်ဖက်ခြောက်တွေ အပါအဝင် ဒေသထွက်ကုန်တွေကို ပို့ပေးမယ့် အစီအစဉ်တစ်ခု ကို စတင်လိုက်တာ ဖြစ်ပါတယ်။
စားသောက်ကုန်ပစ္စည်းတွေ မပေးပို့ခင် ဒေသန္တရအုပ်ချုပ်ရေးရုံးမှာ အခမ်းအနားတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားကို တက်ရောက်တဲ့ မြို့အုပ်ချုပ်ရေးမှူး Shiinoki Shinichi က နိုင်ငံခြားသားတွေဟာ ဂျပန် လူမှုအသိုက်အဝန်းထဲက အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ဒီလက်ဆောင်တွေဟာ သူတို့အတွက် စိတ်ခွန်အား ဖြစ်စေမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။
ဘာသာရေးယုံကြည်မှုကို ထည့်သွင်းစဉ်းစားပြီး ပြင်ဆင်ထားတဲ့ အသားမပါတဲ့ အထုပ် နဲ့ အသားပါတဲ့ အထုပ် နှစ်မျိုးထဲက တစ်မျိုးကို လက်ခံရရှိသူတွေအနေနဲ့ ရွေးချယ်ယူနိုင်မှာ ဖြစ်ပါတယ်။