ဂျပန်မှာနေထိုင်ကြတဲ့ နိုင်ငံခြားသားတွေအတွက် အထူးရည်ရွယ်တဲ့ သတင်းအချက်အလက်တွေကို တင်ဆက်ပါမယ်။
ဟယောဂိုခရိုင် မှာရှိတဲ့ Hyogo International Association Information and Advisory Service က နေ့စဉ်နေထိုင်မှုဘဝနဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေကို အင်္ဂလိပ်၊ စပိန်၊ ပေါ်တူဂီ၊ ကိုရီးယား၊ တာဂလော့၊ အင်ဒိုနီးရှား၊ ထိုင်း၊ နီပေါနဲ့ ဗီယက်နမ် စတဲ့ ဘာသာစကား ၁၀ မျိုးနဲ့ ဝန်ဆောင်မှုတွေ ပေးနေပါတယ်။
အဲဒီ အဖွဲ့အစည်းကနေ COVID-19 နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို အကြံပေးဖြေကြားတဲ့ ဝန်ဆောင်မှုတွေလည်း ပေးနေပါတယ်။
အင်္ဂလိပ်၊ တရုတ်၊ စပိန်နဲ့ ပေါ်တူဂီ ဘာသာစကားတွေနဲ့ မနက် ၉နာရီ ကနေ ညနေ ၅ နာရီအချိန်အတွင်း တိုက်ရိုက်ခေါ်ဆိုပြီး အကြံပြုချက်တွေ ရယူနိုင်ပါတယ်။
ရုံးဖွင့်ရက်နဲ့ ကြားရက်တွေမှာ ဘာသာစကား အမျိုးမျိုးနဲ့ ဝန်ဆောင်မှုတွေ ရှိပါတယ်။ အင်္ဂလိပ် နဲ့ တရုတ်ဘာသာစကားအတွက် တနင်္လာ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ဝန်ဆောင်မှုပေးနေပြီး၊ စပိန်ဘာသာစကားအတွက် တနင်္လာနေ့ကနေ သောကြာနေ့အထိ၊ ပေါ်တူဂီဘာသာစကားနဲ့ တနင်္လာ၊ အင်္ဂါ၊ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ဝန်ဆောင်မှုတွေ ပေးနေပါတယ်။
တနင်္လာနေ့ကနေ သောကြာနေ့တွေမှာ မနက် ၉နာရီကနေ ညနေ ၅နာရီ အတွင်း ကိုရီးယား၊ တာဂလော့၊ အင်ဒိုနီးရှား၊ ထိုင်း၊ နီပေါ၊ ဗီယက်နမ် ဘာသာစကားတွေနဲ့ ဝန်ဆောင်မှုတွေကို တယ်လီဖုန်းဆက်သွယ် ရယူနိုင်ပါတယ်။
ဆက်သွယ်ရမယ့် ဖုန်းနံပါတ်က 078-382-2052 ဖြစ်ပါတယ်။
ဒီသတင်းအချက်အလက်တွေကို NHK WORLD JAPAN ရဲ့ အင်တာနက်စာမျက်နှာနဲ့ NHK ရဲ့ လူမှုဆက်သွယ်ရေး မီဒီယာ စာမျက်နှာတွေမှာ ဖတ်ရှုနိုင်ပါတယ်။
သက်ဆိုင်ရာ ဧရိယာတွေမှာရှိတဲ့ မိသားစုဝင်တွေ ဒါမှမဟုတ် မိတ်ဆွေတွေဆီ ဒီသတင်းအချက်အလက်တွေကို မျှဝေပေးစေလိုပါတယ်။