မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို ရဲက ရော်ဘာကျည်ဆန်သုံး ပစ်ခတ်ဟုဆို

မြန်မာနိုင်ငံ နေပြည်တော်မှာ အင်္ဂါနေ့က ဆန္ဒပြသူတွေနဲ့ သတင်းထောက်တွေပါဝင်တဲ့ လူအုပ်ထဲကို ရဲတွေက ရော်ဘာကျည်ဆန်တွေကို သုံးပြီး ပစ်ခတ်ခဲ့တာကြောင့် လူတချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေက ဆိုပါတယ်။

အာဏာသိမ်းပြီး တစ်ပတ်အကြာမှာ အာဏာပိုင်တွေဟာ စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို နှိမ်နင်းတာတွေ တိုးမြှင့် လုပ်ဆောင်လာနေပါတယ်။
တနင်္ဂနွေနေ့မှာ ထိုင်းနိုင်ငံနဲ့ နယ်စပ်က မြဝတီမြို့မှာ ဆန္ဒပြသူတွေက သူတို့အနားကို ချဉ်းကပ်လာခဲ့တဲ့အချိန်မှာ ရဲတွေက သေနတ်ထောင်ဖောက်ခဲ့ပါတယ်။