ကာကွယ်ဆေးနဲ့ ဗိုင်းရပ်စ် ထိန်းချုပ်ရေးကို မျှော်လင့်သူ ၈၀ ရာခိုင်နှုန်းနီးပါး ရှိကြောင်း NHK စစ်တမ်းအရ တွေ့ရှိ

NHK က ကောက်ယူခဲ့တဲ့ သဘောထားစစ်တမ်းတစ်ခုအရ ဖြေကြားသူတွေရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးက ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ရေးမှာ ကာကွယ်ဆေးက အထောက်အကူပြုမယ်လို့ မျှော်လင့်နေကြတာကို တွေ့ရှိရပါတယ်။

တနင်္ဂနွေနေ့အထိ ၃ ရက်တာ အတွင်း အသက် ၁၈ နှစ်နဲ့ အထက် လူတွေရဲ့ ဖုန်းနံပါတ်တွေကို ကျပန်း ရွေးချယ်ပြီး NHK က ဆက်သွယ် စစ်တမ်းကောက်ယူခဲ့ပါတယ်။ အဲဒီထဲက ၅၈ ရာခိုင်နှုန်းဖြစ်တဲ့ စုစုပေါင်း ၁,၂၄၉ ဦးက ဖြေကြားခဲ့ပါတယ်။
ကာကွယ်ဆေးထိုးတာက ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ရေး အထောက်အကူဖြစ်စေဖို့ မျှော်လင့်နေသလားလို့ သူတို့ကို မေးမြန်းခဲ့ရာမှာ ဖြေကြားသူတွေရဲ့ ၂၄ ရာခိုင်နှုန်းက အတော် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်တယ်လို့ဆိုပြီး ၅၄ ရာခိုင်နှုန်းကတော့ အတိုင်းအတာတစ်ခုအထိ အထောက်အကူ ပြုမယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ၁၅ ရာခိုင်နှုန်းက ဒီလောက်သိပ်ပြီး အထောက်အကူ ပြုဖို့ မျှော်လင့်မထားဘူးလို့ ဆိုပြီး အထောက်အကူ ပြုလိမ့်မယ်လို့ လုံးလုံးလျားလျား မျှော်လင့် မထားဘူးဆိုသူက ၂ ရာခိုင်နှုန်း ရှိပါတယ်။