အင်္ဂါနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၄၁၂ ဦး အတည်ပြုခဲ့တယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။ ဒါဟာ တစ်နေ့တာ ကူးစက်ခံရသူ အရေအတွက် ၃ရက်ဆက်တိုက် ၅၀၀ အောက်မှာ ရှိနေတာ ဖြစ်ပါတယ်။
ဒီကပ်ရောဂါ စတင်ခဲ့ကတည်းက အခုအထိ တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိသူ အရေအတွက် စုစုပေါင်း ၁၀၄,၅၃၃ ဦး ရှိပြီဖြစ်ပါတယ်။
တိုကျိုမှာ လတ်တလော ရောဂါပြင်းထန်သူ အရေအတွက် ၁၀၄ ဦး ရှိနေပါတယ်။