ကျိုတိုရှိ နိုင်ငံခြားသားများအတွက် COVID-19 အရေးပေါ် တယ်လီဖုန်းလိုင်း

ဂျပန်မှာနေထိုင်ကြတဲ့ နိုင်ငံခြားသားတွေအတွက် အထူးရည်ရွယ်တဲ့ သတင်းအချက်အလက်တွေကို ဖော်ပြလိုက်ပါတယ်။

ကျိုတိုခရိုင်ဟာ နိုင်ငံခြားသားတွေရဲ့ COVID-19 နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြားဖို့ အရေးပေါ်တယ်လီဖုန်းလိုင်းတစ်ခုကို ထူထောင်ထားပါတယ်။
အဲဒီဝန်ဆောင်မှုကို ဂျပန်နဲ့ တခြားဘာသာစကား ၇ မျိုးနဲ့ မေးမြန်းနိုင်ပါတယ်။ အင်္ဂလိပ် ၊ တရုတ် ၊ ကိုးရီးယား ၊ ပေါ်တူဂီ နဲ့ စပိန်ဘာသာစကားတွေနဲ့ ၂၄ နာရီ ဝန်ဆောင်မှုပေးနေပါ တယ်။ ဗီယက်နမ်ဘာသာနဲ့ဆိုရင် မနက် ၁၀ နာရီကနေ ည ၈ နာရီအထိနဲ့ ထိုင်းဘာသာနဲ့ဆိုရင်တော့ မနက် ၉ နာရီကနေ ည ၆ နာရီအထိဖြစ်ပါတယ်။
တယ်လီဖုန်းနံပတ်ကတော့ ၀၇၅ ၄၁၄ ၅၄၈၇ ဖြစ်ပါတယ်။
Kyoto Prefectural International Center ဟာ နေ့စဉ်လူမှုဘဝနဲ့ပတ်သက်တဲ့ အတိုင်ပင်ခံမှုကို ဘာသာစကား ၂၀ နဲ့ ပြုလုပ်ပေးနေပါတယ်။
မြန်မာ ၊ အင်္ဂလိပ် ၊ တရုတ် ၊ ကိုရီးယား ၊ ဗီယက်နမ် ၊ နီပေါ ၊ အင်ဒိုနီးရှား ၊ တာဂလော့ ၊ ဆင်ဟာလီ ၊ ပေါ်တူဂီ ၊ စပိန် ၊ ခမာ ၊ မွန်ဂို ၊ ရုရှား၊ ထိုင်း ၊ မလေး ၊ ပြင်သစ် ၊ ဂျာမန် ၊ အီတလီ နဲ့ ဂျပန် ဘာသာစကားတွေဖြစ်ပါတယ်။
လတစ်လရဲ့ ဒုတိယနဲ့ စတုတ္တ အင်္ဂါ နေ့တွေ နဲ့ ရုံးပိတ်ရက်တွေ ကလွဲပြီး နေ့စဉ် ၀၇၅ ၃၄၃ ၉၆၆၆ ကို ဆက်သွယ်နိုင်ပါတယ်။
ဒီသတင်းအချက်အလက်တွေကို NHK World Japan ရဲ့ အင်တာနက်စာမျက်နှာနဲ့ NHK ရဲ့ လူမှုဆက်သွယ်ရေးမီဒီယာ တွေကလည်း ရယူနိုင်ပါတယ်။
ဒီသတင်းအချက်အလက်တွေကို သက်ဆိုင်တဲ့ အရပ်တွေမှာရှိတဲ့ မိသားစုဝင်တွေ ဒါမှမဟုတ် မိတ်ဆွေအပေါင်းအသင်းတွေဆီ မျှဝေပေးစေလိုပါတယ်။