တိုကျိုစတော့စျေးကွက်မှာ အညွှန်ပြကိန်း ၂၉၀၀၀ မှတ်အထက် ရောက်ရှိ

တိုကျိုစတော့စျေးကွက်ရဲ့ အညွှန်းပြကိန်းဟာ နှစ် ၃၀ နဲ့ ၆ လ ကြာကာလအတွင်း ပထမဦးဆုံးအနေနဲ့ တနင်္လာနေ့မှာ ၂၉၀၀၀ မှတ်ကို ကျော်လွန်သွားခဲ့ပါတယ်။

Nikkei အညွှန်းပြကိန်းဟာ သောကြာနေ့စျေးပိတ်ခဲ့ချိန်ကထက် ၆၀၀ မှတ်ကျော် မြင့်တက်ခဲ့ပြီး တနင်္လာနေ့မှာ ၂၉၃၈၈ မှတ်နဲ့ စျေးပိတ်သွားခဲ့ပါတယ်။
စျေးကွက်လေ့လာသူတွေက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါရဲ့ သက်ရောက်မှုတွေကို တန်ပြန်ဖို့ အမေရိကန်ပြည်ထောင်စု ဟာ စီးပွားရေးအားဖြည့်မှုတွေကို ထပ်ဆောင်းလုပ်ဆောင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက အဝယ်အော်ဒါတွေ ပြုလုပ်ခဲ့ကြပါတယ်။
စျေးကွက်သတင်းအရင်းအမြစ်တွေက ဂျပန်ကုမ္ပဏီတွေက ထုတ်ပြန်ခဲ့တဲ့ အားကောင်းလှတဲ့ဘဏ္ဍာရေးဆိုင်ရာရလဒ်တွေနဲ့ အမေရိကန် ဗြိတိန် နဲ့ တခြားနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးတဲ့ တိုးတက်မှုတွေကို ထောက်ပြပြောဆိုခဲ့ပါတယ်။
မျှော်လင့်ချက်တွေမြင့်မားတာကြောင့် စတော့ရှယ်ယာစျေး တက်လာတာရဲ့ အကြောင်းရင်းတစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ သူတို့က ထပ်လောင်းပြောဆိုခဲ့ပါတယ်။ ဂျပန်မှာ ကာကွယ်ဆေး ပထမဦးဆုံးအဖြစ်ထိုးမှာအပါအဝင် နိုင်ငံတွင်းမှာ အပြောင်းအလဲတွေဘယ်လို ဖြစ်လာမလဲဆိုတာ သေသေချာချာ စောင့်ကြည့်ဖို့လိုတယ်လို့ အလေးပေးပြောဆိုခဲ့ပါတယ်။