တနင်္လာနေ့တွင် တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ် ၂၇၆ ဦးရှိ

တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က တနင်္လာနေ့မှာ တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၂၇၆ ဦးရှိတယ်လို့ အစီရင်ခံထုတ်ပြန်လိုက်ပါတယ်။

တစ်နေ့တာကူးစက်ခံရမှု ၃၀၀ အောက်ကို ကျသွားတာဟာ ဒီဇင်ဘာ ၇ ရက်နေ့ နောက်ပိုင်း ပထမဦးဆုံး ဖြစ်ပါတယ်။ ဒီကပ်ရောဂါကြီး ဖြစ်ပွားခဲ့တဲ့အချိန်ကစပြီး တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့သူ စုစုပေါင်း ၁၀၄၁၂၁ ဦး ရှိနေပြီဖြစ်ပါတယ်။
စိုးရိမ်ရတဲ့အခြေအနေရှိသူဟာ လောလောဆယ်မှာ ၁၀၄ ဦး ရှိပါတယ်။