ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ ရှေ့နေ တွေ့ဆုံခွင့်မရ

တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုအတွင်း ထိန်းသိမ်းခံခဲ့ရတဲ့ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေကြောင်းအရ ရှေ့နေနဲ့ စကားပြောနိုင်ခွင့်မရရှိထားကြောင်း သူ့ရဲ့ ရှေ့နေက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဆက်သွယ်ရေးကိရိယာ ၁၀ခုကို ခွင့်ပြုချက်မရှိဘဲ တရားမဝင် တင်သွင်းပြီးအသုံးပြုနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ ရှေ့နေလိုက်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ဦးခင်မောင်ဇော်ကို ကမ်းလှမ်းခဲ့ပါတယ်။ အာဏာပိုင်တွေက ဒေါ်အောင်ဆန်းစုကြည်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း နဲ့ ရှေ့နေနဲ့ တွေ့ဖို့ခွင့်မပေးသေးကြောင်း စနေနေ့က NHKကို တယ်လီဖုန်းနဲ့ ဦးခင်မောင်ဇော်က ပြောခဲ့ပါတယ်။
ရှေ့နေဦးခင်မောင်ဇော်က အာဏာပိုင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လောက်ကြာအောင် ထိန်းသိမ်းထားမလဲဆိုတာ သူ့ကို မပြောသေး ကြောင်းနဲ့ ပွင့်လင်းမြင်သာမှု မရှိတာကြောင့် သူနဲ့ သူအမှုသည်ဟာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာ မသိနိုင်သေးကြောင်း ပြောကြားပြီး နိုင်ငံတကာအသိုက်အဝန်းက ပံ့ပိုးပေးဖို့ တောင်းဆိုခဲ့ပါတယ်။