တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၆၃၉ ဦး ရှိကြောင်း အတည်ပြု

ဂျပန်နိုင်ငံရဲ့မြို့တော် တိုကျိုမှာ စနေနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် အရေအတွက် ၆၉၃ ဦး ရှိတယ်လို့ တိုကျိုမြို့အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။

တစ်နေ့တာ ကူးစက်ခံရသူ အရေအတွက် ၁၀၀၀ ဦးအောက်ရှိခဲ့တာ အခုဆိုရင် ၉ ရက်မြောက် ဆက်တိုက် ဖြစ်ပါတယ်။
ကူးစက်ခံရတယ်လို့ စမ်းသပ်တွေ့ရှိခဲ့သူ အရေအတွက်က တိုကျိုမှာ ၁၀၃,၄၁၆ ဦး ရှိသွားပါပြီ။