ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ဆောင်ရွက်ချက်များအတွက် ဂျပန်က အုပ်ချုပ်ရေးမှူးတွေ ဆွေးနွေး

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေကို သက်တမ်းတိုးမြှင့်ထားပြီးနောက် ဂျပန်နိုင်ငံက အုပ်ချုပ်ရေးမှူးတွေဟာ စနေနေ့က အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြပြီး၊ တချို့က ကြေညာချက်ကို အဆင့်လိုက် ရုပ်သိမ်းသွားဖို့ အဆိုပြုခဲ့ကြပါတယ်။

တိုကျို၊ အိုစာကာ နဲ့ ခါနာ့ဂါဝ ခရိုင် အပါအဝင် ခရိုင် ၁၀ ခုမှာ အရေးပေါ်အခြေအနေကို မတ်လ ၇ ရက်နေ့အထိ ဗဟိုအစိုးရက သက်တမ်းတိုးမြှင့်ထားရှိခဲ့ပါတယ်။
လာမယ့်သီတင်းပတ်အတွင်း အသက်ဝင်လာမယ့် ပြင်ဆင်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အထူးဆောင်ရွက်ချက်များ ဥပဒေကို သတိထားပြီး အသုံးပြုသင့်တယ်လို့ ခါနာ့ဂါဝ ခရိုင်အုပ်ချုပ်ရေးမှူး Kuroiwa Yuji က ပြောခဲ့ပါတယ်။ သူက ပြဋ္ဌာန်းထားတဲ့ အမိန့်နဲ့ပြစ်ဒဏ်တွေ နဲ့ ပတ်သက်ပြီး လမ်းညွှန်မှုပေးဖို့ ဗဟိုအစိုးရကို တောင်းဆိုထားပါတယ်။
အုပ်ချုပ်ရေးမှူးတော်တော်များများက ဗဟိုအစိုးရကို နောက်ထပ် စီးပွားရေးဆိုင်ရာနဲ့ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက် တွေလုပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။