နိုင်ငံခြားသားကျောင်းသားတွေ ရှင်သန်နေထိုင်ရေးအတွက် ကျိုတိုက ကျောင်းတစ်ကျောင်း ကူညီ

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်နေချိန်မှာ အလုပ်မရှာနိုင်ဖြစ်နေပြီး စားဝတ်နေရေးအတွက် ရုန်းကန်လှုပ်ရှားနေရတဲ့ နိုင်ငံခြားသားကျောင်းသားတွေဆီကို ကျိုတိုမြို့က ဂျပန်စာသင်တန်းကျောင်းတစ်ခုဟာ အစားအသောက်နဲ့ ငွေကြေးထောက်ပံ့မှုတွေ စတင်ပေးဝေခဲ့ပါတယ်။

ကျိုတိုမြို့ Ukyo ရပ်ကွက်မှာ ရှိတဲ့ အဲဒီ ကျောင်းဟာ ကျောင်းအနီး နေထိုင်သူတွေဆီကနေ အလှူငွေ အမေရိကန်ဒေါ်လာ ၃၀၀၀ လောက်ကို လက်ခံရရှိခဲ့ပါတယ်။
ကျောင်းသားတစ်ဦးဆီကို ဆန် ၅ကီလိုနဲ့ ကုန်စုံဆိုင်တွေမှာ သုံးနိုင်တဲ့ ကြိုတင်ငွေဖြည့်ကတ် တစ်ကတ် ပေးဝေခဲ့ပါတယ်။
ကျောင်းသားတွေကို ဂျပန် ရောက်နေချိန်မှာ လေ့လာစရာတွေ အားလုံးကို သင်ယူလေ့လာနိုင်ဖို့အတွက် အပတ်တကုတ် ကြိုးစားကြပါလို့ အဲဒီ ဒေသက Rotary Club အသင်းရဲ့ အကြီးအကဲက တိုက်တွန်းခဲ့ပါတယ်။
အင်ဒိုနီးရှားအမျိုးသားတစ်ဦးက သူဟာ နေ့တိုင်း ထမင်းချက်စားတဲ့အတွက် အဲဒီလို ကူညီပေးတာကို ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။
နိုင်ငံခြားသားကျောင်းသား ၁၄၀ လောက် ရှိတဲ့အထဲက တစ်ဝက်လောက်ဟာ ထောက်ပံ့မှု ရရှိခဲ့ပေမဲ့ အချိန်ပိုင်းအလုပ် မရသေးတဲ့အတွက် အဲဒီ ကျောင်းဟာ လှူဒါန်းမှုတွေ ပိုမို ရရှိဖို့အတွက် ဆက်လက် တောင်းဆိုသွားဖို့ စီစဉ်နေပါတယ်။