ဂျပန်အိမ်ထောင်စုအသုံးစရိတ်ကျဆင်းနှုန်း စံချိန်တင်အောင်မြန်

မနှစ်တုန်းက ဂျပန်အိမ်ထောင်စုတွေရဲ့ အသုံးစရိတ်ကျဆင်းမှုဟာ အလျင်မြန်ဆုံးနှုန်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဝင်ငွေလျော့ကျပြီး ဝယ်ယူမှုတွေ ကျဆင်းခဲ့လို့ဖြစ်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စစ်တမ်းကောက်ယူချက်က လူဦးရေ ၂ ဦးနဲ့အထက်ရှိတဲ့ အိမ်ထောင်စုတွေရဲ့ တစ်လပျမ်းမျှအသုံးစရိတ်ဟာ ယန်း ၂၈၀၀၀၀ နီးပါး ဒေါ်လာ နဲ့ဆိုရင် ၂၆၀၀ နီးပါး ရှိတယ်ဆိုတာကို ပြသနေပါတယ်။
အဲဒီပမာဏဟာ ယန်းငွေနဲ့ပြောမယ်ဆိုရင် ၂၀၁၉ ခုနှစ်ကထက် ၅.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ ဒီလိုမျိုးကိန်းဂဏန်းတွေ ရရှိခဲ့တဲ့ ၂၀၀၁ ခုနှစ်နောက်ပိုင်းဒေတာတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် အကြီးမားဆုံး ကျဆင်းမှုဖြစ်ပါတယ်။
ပြည်သူတွေဟာ အလည်အပတ်ထွက်တာ ၊ အသွားအလာလုပ်တာ ၊ အပြင်ထွက်စားတာ သောက်တာတွေ လျော့နည်းခဲ့ပါတယ်။ ဒါပေမဲ့ စိုထိုင်းဆထိန်းချုပ်တဲ့စက်တွေ ၊ လေသန့်စင်စက်တွေ နဲ့ အချက်အပြုတ်ကိရိယာတွေလိုမျိုး အိမ်သုံးပစ္စည်းတွေအတွက် အသုံးစရိတ်တွေ မြင့်တက်ခဲ့ပါတယ်။
ဒီဇင်ဘာလမှာဆိုရင် အိမ်ထောင်စုအသုံးစရိတ်ဟာ ၂၀၁၉ ခုနှစ်ကထက် ၀.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါတယ်။ အိမ်ထောင်စုအသုံးစရိတ်ဟာ နှစ်လဆက်တိုက် မြင့်တက်လာခဲ့ပေမဲ့လည်း ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်တက်လာခဲ့တာကြောင့် ပြန်ကျသွားခဲ့ပါတယ်။