အိုစာကာမှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေအတွက် COVID-19 အရေးပေါ်ဖုန်းလိုင်းထားရှိ

ဂျပန်နိုင်ငံမှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေအတွက် အထူးရည်ရွယ်ပါတယ်။

အိုစာကာခရိုင်မှာ ခရိုင်တွင်းနေထိုင်သူ နိုင်ငံခြားသားတွေ အတွက် အင်္ဂလိပ် အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား၊ ပေါ်တူဂီ၊ စပိန်၊ ဗီယက်နမ်၊ တာဂါလော့ဂ်၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ နီပေါ ဘာသာစကားတွေနဲ့ တယ်လီဖုန်းကနေ တိုင်ပင်ဆွေးနွေးမှုကို လုပ်ဆောင်ပေးနေပါတယ်။ Osaka Foundation of International Exchange က ရုံးဖွင့်ရက်တွေနဲ့ လတစ်လရဲ့ ဒုတိယနဲ့ စတုတ္ထပတ် တနင်္ဂနွေနေ့တွေမှာ အရေးပေါ် ဆက်သွယ်နိုင်အောင် စီစဉ်ပေးထားပါတယ်။
အဲဒီဝန်ဆောင်မှုကို တနင်္လာနဲ့ သောကြာနေ့မှာ မနက် ၉ နာရီကနေ ည ၈ နာရီအထိ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့ တွေမှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီခွဲအထိ နဲ့ လတစ်လရဲ့ ဒုတိယနဲ့ စတုတ္ထပတ် တနင်္ဂနွေနေ့တွေမှာ မွန်းလွဲ ၁ နာရီကနေ ညနေ ၅ နာရီအထိ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ ဖုန်းနံပါတ်ကတော့ ၀၆-၆၉၄၁-၂၂၉၇ ဖြစ်ပါတယ်။
Osaka International House Foundation ကလည်း အင်္ဂလိပ်ဘာသာအပါအဝင် တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်၊ တာဂါလော့ဂ် ဘာသာစကားတွေနဲ့ ဝန်ဆောင်မှု ပေးနေပါတယ်။ အဲဒီဝန်ဆောင်မှုကို ရုံးဖွင့်ရက်တွေမှာ မနက် ၉ နာရီကနေ ည ၇ နာရီအထိ၊ စနေ၊ တနင်္ဂနွေနဲ့ အများပြည်သူ ရုံးပိတ်ရက်တွေမှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီခွဲအထိ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။ ဖုန်းနံပါတ်က ၀၆-၆၇၇၃-၆၅၃၃ ဖြစ်ပါတယ်။
ဒီသတင်းအချက်အလက်တွေကို NHK World Japanရဲ့ အင်တာနက် စာမျက်နှာနဲ့ NHK ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖတ်ရှုနိုင်ပါတယ်။
အခုပြောပြခဲ့တဲ့ အချက်အလက်တွေကို အဲဒီခရိုင်မှာ နေထိုင်သူ မိသားစုဝင် ဒါမှမဟုတ် အသိမိတ်ဆွေတွေရှိရင် ဒီသတင်းအချက်အလက် တွေကို ဖြန့်ဝေပေးစေလိုပါတယ်။