တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၅၇၇ ဦးရှိ

တိုကျိုမှာ သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၅၇၇ ဦးရှိတယ်လို့ တိုကျိုမြို့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တစ်နေ့တာ ကူးစက်မှုအရေအတွက် ၁,၀၀၀ အောက်လျော့တာ ၈ ရက်ဆက်တိုက်ရှိပါပြီ။
အခုဆိုရင် တိုကျိုမှာ ရောဂါကူးစက်ခံရတယ်လို့ စမ်းသပ် တွေ့ရှိထားသူ ၁၀၂,၇၇၇ ဦး ရှိပါတယ်။
ရောဂါပြင်းထန်တဲ့ လူနာအရေအတွက်က ၁၁၇ ဦးရှိပြီး ကြာသပတေးနေ့ကထက် ၂ ဦး တိုးလာတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။