နိုင်ငံခြားသားတွေအတွက် ချိဘခရိုင်က COVID-19 အရေးပေါ်ဖုန်းလိုင်း

အောက်ပါ သတင်းအချက်အလက်တွေဟာ အထူးသဖြင့် ဂျပန်မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေအတွက် ဖြစ်ပါတယ်။

ချိဘခရိုင်ဟာ နိုင်ငံခြားသားတွေရဲ့ COVID-19 နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေကြားပေးရေးအတွက် ထောက်ပံ့ရေး အရေးပေါ်ဖုန်းလိုင်းကို ထူထောင်ထားပါတယ်။ ဖုန်းနံပါတ်ကတော့ ၀၉၂-၂၈၅-၅၈၉၀ ဖြစ်ပြီး နေ့ရက်အချိန်မရွေး ထောက်ပံ့မှုပေးနေပါတယ်။
သုံးစွဲသူတွေက အင်တာနက်ဆက်သွယ်မှု ကုန်ကျစရိတ်သက်သက်ပဲ ကုန်ကျတဲ့ LINE အပလီကေးရှင်းနဲ့လည်း ဒီဝန်ဆောင်မှုကို ရယူနိုင်ပါတယ်။ account ID ကတော့ @chibacoronahotline ဖြစ်ပါတယ်။
ဒီထောက်ပံမှုကို မြန်မာ၊ အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ပေါ်တူဂီ၊ စပိန်၊ ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ ရုရှား၊ နီပေါ၊ တာဂါလော့၊ မလေး၊ ခမာ၊ မွန်ဂိုလီးယား၊ ဆင်ဟာလီ စတဲ့ ဘာသာစကား ၁၉မျိုးနဲ့ ရနိုင်ပါတယ်။
Chiba International Center ကလည်း အကြံပေးတဲ့ ဝန်ဆောင်မှုကို အင်္ဂလိပ်၊ စပိန်၊ တရုတ်၊ ကိုရီးယား၊ ထိုင်း၊ နီပေါ၊ ဟင်ဒီ၊ တာဂါလော့၊ ပေါ်တူဂီ၊ ဗီယက်နမ်၊ ရုရှား၊ အင်ဒိုနီးရှား စတဲ့ ဘာသာစကား ၁၂မျိုးနဲ့ ဆောင်ရွက်ပေးနေပါတယ်။ ဒီဝန်ဆောင်မှုကို ကြားရက်တွေမှာ မနက် ၉နာရီကနေ မွန်းတည့်ချိန်အထိ၊ မွန်းလွဲ ၁နာရီကနေ ညနေ ၄နာရီအထိ ရနိုင်ပါတယ်။ ဘာသာစကားအားလုံးအတွက် ဖုန်းနံပါတ်ကတော့ ၀၄၃-၂၉၇-၀၂၄၅ ဖြစ်ပါတယ်။
အင်္ဂလိပ်နဲ့ စပိန်ဘာသာစကား ပြောသူတွေအနေနဲ့ ဖုန်းနံပါတ် ၀၄၃-၂၉၇-၂၉၆၆ ကိုလည်း ဆက်သွယ်နိုင်ပါတယ်။
ဒီသတင်းအချက်အလက်တွေကို NHK World Japan ရဲ့ အင်တာနက် စာမျက်နှာနဲ့ NHK ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ အတည်ပြုနိုင်ပါတယ်။
အခုဖော်ပြခဲ့တဲ့ သက်ဆိုင်ရာ ဧရိယာတွေမှာ နေထိုင်သူ မိသားစုဝင် ဒါမှမဟုတ် အသိမိတ်ဆွေတွေရှိရင် ဒီသတင်းအချက်အလက်တွေကို ဖြန့်ဝေပေးစေလိုပါတယ်။