နိုင်ငံခြားသားတွေအတွက် ကိုဗစ်ဆိုင်ရာ အခမဲ့ ဆွေးနွေးမှုအတွက် ဖူကုရှီမမှာ LINE ကို အသုံးပြုနေ

နိုင်ငံခြားသားတွေအတွက် နိုဘယ်ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အခမဲ့ တိုင်ပင်ဆွေးနွေးမှုကို ဖူကုရှီမ ခရိုင်မှာ လုပ်ဆောင်နေပါတယ်။

အဲဒီဝန်ဆောင်မှုကို LINE အပလီကေးရှင်းရဲ့ စကားပြောဆိုတဲ့ ဖန်ရှင်ကို အသုံးပြုပြီး မြန်မာ၊ အင်္ဂလိပ်၊ ဗီယက်နမ်၊ တာဂါလော့၊ ပေါ်တူဂီ၊ စပိန်၊ ကိုရီးယား၊ နီပေါ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ခမာ၊ မလေး၊ မွန်ဂိုလီးယား၊ ရုရှား၊ ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ ဆင်ဟာလီ စတဲ့ ဘာသာစကား ၁၉ မျိုးနဲ့ လုပ်ဆောင်ပေးနေပါတယ်။
လက်ကိုင်ဖုန်းလိုင်း မဝင်ရသေးတဲ့ နိုင်ငံခြားသား နေထိုင်သူတွေအတွက် ဝန်ဆောင်မှုပေးဖို့ ဖူကုရှီမခရိုင်ဟာ fukushimacovidcall ဆိုတဲ့ LINE account ကို ဖွင့်ခဲ့ပါတယ်။
အင်တာနက်ဆက်သွယ်မှု အခကြေးငွေ ပေးဆောင်ထားသူတွေအနေနဲ့ ၂၄ နာရီလုံး ဒီဝန်ဆောင်မှုကို ရနိုင်ပါတယ်။
ဆက်သွယ်လာသူမှာ ရောဂါလက္ခဏာ ရှိတဲ့အခါ လိုအပ်မယ်ဆိုရင် ဒီဝန်ဆောင်မှုကနေ ဆေးကုသရေးဌာနတွေကို မိတ်ဆက်ပေးတဲ့ အရေးပေါ်ဖုန်းလိုင်းနဲ့ ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။