မြန်မာခေါင်းဆောင်တွေ ပြန်လွှတ်ရေး တိုက်တွန်းပေးဖို့ ဂျပန် အစိုးရကို မြန်မာတွေ တောင်းဆို

ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ထိန်းသိမ်းထားတဲ့ ခေါင်းဆောင်တွေကို အမြန်လွှတ်ပေးရေး ဂျပန်အစိုးရက တိုက်တွန်းပေးဖို့ ဂျပန်ရောက် မြန်မာအဖွဲ့တစ်ဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ တိုကျိုက နိုင်ငံခြားရေးဝန်ကြီးဌာနကို ဒီအဖွဲ့က သွားရောက်ခဲ့ပြီး သူတို့ရဲ့ တောင်းဆိုလွှာကို ပေးအပ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီးတွေကို စစ်တပ်က ဖမ်းဆီးမှုဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးတွေကို ထိပါးတာဖြစ်တယ်လို့ အဒီစာထဲမှာ ဆိုထားပါတယ်။
နိုင်ငံရေး၊ စီးပွားရေးနဲ့ တခြားနည်းလမ်းတွေကို သုံးပြီး စစ်အစိုးရကို ဖိအားပေးဖို့ အဲဒီအဖွဲ့က တောင်းဆိုခဲ့ပါတယ်။
ဒီဝန်ကြီးဌာန အပြင်ဘက်မှာ စုဝေးခဲ့သူ အများအပြားက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေး စတဲ့ ကြွေးကြော်သံတွေကို ဟစ်အော်ခဲ့ကြပါတယ်။
ဂျပန်ရောက် မြန်မာလူမျိုးများ အုပ်စုရဲ့ ကိုယ်စားလှယ်တစ်ဦးက စစ်တပ်က အာဏာပြန်ယူတာကို တွေ့မြင်ရတာ အလွန်တရာ ဝမ်းနည်းဖွယ်ဖြစ်ပြီး ဒီမိုကရေစီ တိုးတက်ပြောင်းလဲမှုတွေကို နောက်ကြောင်းပြန်စေတယ်လို့ ပြောခဲ့ပါတယ်။