မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုနဲ့ ဒီမိုကရေစီတွေ ထိပါးခံခဲ့ရတယ်လို့ ကုလသမဂ္ဂ ဆို

ရာထူးက ဖယ်ရှားပြီး ထိန်းသိမ်းခံခဲ့ရတဲ့ မြန်မာနိုင်ငံက ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးဖို့ ကုလသမဂ္ဂရဲ့ ပြောရေးဆိုခွင့်ရှိသူက တောင်းဆိုလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က သတင်းထောက်တွေကို ပြောဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲချက်တင် တရားစွဲတာဟာ "မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးကိုရော ဒီမိုကရေစီ ဖော်ဆောင်ရေးကိုပါ ထိပါးတာဖြစ်တယ်" လို့ ပြောခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ တုံ့ပြန်မှုနဲ့ပတ်သက်ပြီး သတင်းထောက်တစ်ယောက်ရဲ့ မေးမြန်းချက်ကို သူက ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
ဆက်သွယ်ရေး ကိရိယာတွေ တရားမဝင် သွင်းယူခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ သုံးစွဲခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားတဲ့ ရဲတပ်ဖွဲ့ရဲ့ စာရွက်စာတမ်းတွေကို ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံရဲ့ အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။