တိုကျိုမှာ COVID-19 ကူးစက်ခံရသူအသစ် ၇၃၄ ဦး ရှိ

ကြာသပတေးနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၇၃၄ ဦးရှိကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။

တိုကျိုမှာ တစ်နေ့တာ ကူးစက်ခံရသူ အရေအတွက် ထောင်ဂဏန်းအောက်မှာ ရှိတာ ၇ ရက်ဆက်တိုက်ရှိပြီ ဖြစ်ပါတယ်။
အခုအခါ တိုကျိုမှာ ရောဂါပိုးစစ်ဆေးတွေ့ရှိသူ ၁၀၂,၂၀၀ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
ရောဂါပြင်းထန်တဲ့ ကိုရိုနာဗိုင်းရပ်စ် လူနာအရေအတွက်က ဗုဒ္ဓဟူးနေ့ကထက် ၁၀ ဦး လျော့ကျလာပြီး ၁၁၅ ဦး ရှိတယ်လို့ အရာရှိတွေက ဆိုပါတယ်။