တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူအသစ် ၆၇၆ ဦးရှိ

ဗုဒ္ဓဟူးနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၆၇၆ ဦးရှိကြောင်း တိုကျိုမြို့အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။

တစ်နေ့တာကူးစက်ခံရသူ အရေအတွက် ၁၀၀၀ အောက်ကို ကျသွားတာဟာ ၆ရက်ဆက်တိုက် ရှိသွားပြီ ဖြစ်ပါတယ်။
အခုဆိုရင် တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးစစ်ဆေးတွေ့ရှိသူ အရေအတွက် စုစုပေါင်း ၁၀၁,၄၆၆ ဦး ရှိပြီဖြစ်ပါတယ်။