ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ဥပဒေပြင်ဆင်ချက်ကို အတည်ပြု

ဂျပန်လွှတ်တော်အမတ်တွေက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေ ပြင်ဆင်ချက်ကို ဗုဒ္ဓဟူးနေ့မှာ အတည်ပြုလိုက်ပါတယ်။

အခုလို ပြင်ဆင်တာဟာ ကာကွယ်တားဆီးရေး စီမံဆောင်ရွက်ချက်တွေ ပိုမို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ရေး အာမခံနိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အစီအမံတွေကို မလိုက်နာတဲ့ ပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြစ်ဒဏ်ချမှတ်ဖို့ အဲဒီဥပဒေက တောင်းဆိုထားမှာ ဖြစ်ပါတယ်။