ခါနာ့ဂါဝ ခရိုင်က ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ဘာသာစကားပေါင်းစုံ အရေးပေါ်ဖုန်းလိုင်း

အောက်ပါ သတင်းအချက်အလက်တွေဟာ အထူးသဖြင့် ဂျပန်မှာ နေထိုင်တဲ့ နိုင်ငံခြားသားတွေအတွက် ဖြစ်ပါတယ်။

နိုဘယ် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ဂယက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံခြားသားတွေအတွက် ထောက်ပံ့ရေး အရေးပေါ်ဖုန်းလိုင်းတစ်ခုကို ခါနာ့ဂါဝ ခရိုင်က တည်ထောင်ထားခဲ့ပါတယ်။
ဒီဝန်ဆောင်မှုကို အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယား၊ ပေါ်တူဂီ၊ စပိန်၊ ဗီယက်နမ်၊ ထိုင်း၊ ရုရှား၊ အင်ဒိုနီးရှား၊ တာဂါလော့ဂ်၊ နီပေါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ မလေး၊ မြန်မာ၊ ကမ္ဘောဒီးယား၊ မိုဂိုလီယားနဲ့ ဆင်ဟာလီ ဘာသာစကား ၁၉မျိုးနဲ့ ပေးနေပါတယ်။ ဖုန်းနံပါတ်က ၀၅၇၀-၀၅၆-၇၇၄ ဖြစ်ပါတယ်။
အဲဒီ အရေးပေါ်ဖုန်းနံပတ်ကို တနင်္လာနေ့ကနေ သောကြာနေ့အထိ မနက် ၉ နာရီကနေ ညနေ ၅ နာရီ အထိ ဖွင့်လှစ်ထားပါတယ်။ ဒါပေမဲ့ အဖျားရှိသူနဲ့ တခြားCOVID-19 ရောဂါလက္ခဏာ သံသယရှိသူတွေအနေနဲ့ အဲဒီဖုန်းနံပါတ်ကို နေ့ရက်အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။
ဒီခရိုင်ရဲ့ ခါနာ့ဂါဝ ဘာသာစကားပေါင်းစုံ ထောက်ပံ့ရေးစင်တာ ကလည်း စုစုပေါင်း ဘာသာစကား ၁၀ မျိုးနဲ့ တယ်လီဖုန်းဝန်ဆောင်မှုတွေ ပေးနေပေမဲ့ ဘာသာစကားတစ်ခုချင်းအလိုက် ရက်တွေ ကွဲပြားပါတယ်။
အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ အင်္ဂလိပ်ဘာသာ၊ တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ တရုတ်ဘာသာ၊ အင်္ဂါ၊ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ဗီယက်နမ်ဘာသာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ စပိန်ဘာသာ၊ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ပေါ်တူဂီဘာသာ၊ တနင်္လာနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ နီပေါဘာသာ၊ တနင်္လာနဲ့ သောကြာနေ့တွေမှာ ထိုင်းဘာသာ၊ တနင်္လာနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ကိုရီးယားဘာသာ၊ သောကြာနေ့မှာ အင်ဒိုနီးရှားဘာသာ အသီးသီး ဝန်ဆောင်မှုတွေကို ရယူနိုင်ပါတယ်။
ဒီ အရေးပေါ်ဖုန်းလိုင်းကို အများပြည်သူအားလပ်ရက်တွေကလွဲရင် တနင်္လာနေ့ကနေ သောကြာနေ့အထိ မနက် ၉ နာရီကနေ မွန်းတည့်ချိန်အထိ၊ မွန်းလွဲ ၁ နာရီကနေ ညနေ ၅ နာရီ ၁၅ မိနစ် အထိအတွင်း ဖွင့်ထားပါတယ်။ ဖုန်းနံပါတ်က ၀၄၅-၃၁၆-၂၇၇၀ ဖြစ်ပါတယ်။
ဒီသတင်းအချက်အလက်တွေကို NHK World ရဲ့ အင်တာနက် စာမျက်နှာနဲ့ NHK ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ အတည်ပြုနိုင်ပါတယ်။
အခုဖော်ပြခဲ့တဲ့ သက်ဆိုင်ရာ ဧရိယာတွေမှာ နေထိုင်သူ မိသားစုဝင် ဒါမှမဟုတ် အသိမိတ်ဆွေတွေရှိရင် ဒီသတင်းအချက်အလက်တွေကို ဖြန့်ဝေပေးစေလိုပါတယ်။