COVID-19 ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာချက် ဂျပန် သက်တမ်းတိုးချဲ့

ဂျပန်က ခရိုင် ၁၀ ခုမှာ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာချက်ကို မတ်လ ၇ ရက်နေ့အထိ ဂျပန် အစိုးရက သက်တမ်းတိုးချဲ့ လိုက်ပါတယ်။

အဲဒီ ခရိုင် ၁၀ ခု ကတော့ တိုကျို၊ ခါနာ့ဂါဝ၊ ချိဘ၊ စိုင်းတာမ၊ အိုစာကာ၊ ကျိုတို၊ ဟျောဂို၊ အိုင်းချိ၊ ဂီဖုနဲ့ ဖူကုအိုက တို့ဖြစ်ပါတယ်။
တိုချိဂိ ခရိုင်တစ်ခုတည်းပဲ အရေးပေါ်အခြေအနေကြေညာချက်ကို ရုပ်သိမ်းမှာ ဖြစ်ပါတယ်။