ဂျပန်မှာ COVID-19 အရေးပေါ် အခြေအနေ သက်တမ်းတိုးနိုင်ခြေရှိ

ဂျပန်အစိုးရဟာ တိုကျိုနဲ့ အိုစာကာဒေသတွေမှာ COVID-19 အတွက် အရေးပေါ်အခြေအနေကြေညာချက်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ကျော်ပြီး သက်တမ်းတိုးနိုင်ခြေရှိပါတယ်။

အရေးပေါ်အခြေအနေ သက်တမ်းတိုးဖို့အတွက် ဒီသီတင်းပတ်ထဲမှာ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အမြင်တွေကို နားထောင်ပြီးတဲ့နောက် ဆုံးဖြတ်ချက်ချနိုင်ဖွယ်ရှိပါတယ်။
အရေးပေါ် အခြေအနေကြေညာချက်ကို တိုကျိုနဲ့ အနီးဝန်းကျင်က ခရိုင် ၃ ခုအတွက် ကြေညာခဲ့တာ သီတင်း ၃ ပတ်ကျော် ရှိလာပြီဖြစ်ပါတယ်။ အိုစာကာနဲ့ တခြား ခရိုင် ၆ ခု ကတော့ သီတင်း ၂ ပတ်ကျော် ရှိပါပြီ။ ဒီကြေညာချက်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ရုပ်သိမ်းဖို့ ရှိပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်မှာ ရောဂါကူးစက်ခံရသူအသစ် အရေအတွက်ဟာ အဲဒီမတိုင်ခင် သီတင်းပတ်ကထက် လျော့နည်းခဲ့ပါတယ်။ ဒါပေမဲ့ အသက်အရွယ်ကြီးသူတွေကြား ကူးစက်တဲ့နှုန်းကတော့ ပိုများလာနေပါတယ်။