တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၉၃ ဦးရှိ

တနင်္လာနေ့က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၃၉၃ ဦးရှိကြောင်း တိုကျိုမြို့အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။

တစ်နေ့တာ ကူးစက်သူအရေအတွက် ၅၀၀ အောက် ကျသွားတာ ဒီဇင်ဘာလ ၂၈ ရက်နေ့ နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ကူးစက်မှုပမာဏ ၄၀၀ အောက်ရှိခဲ့တာက ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ဖြစ်ပါတယ်။
အခု တိုကျိုမှာ ရောဂါကူးစက်ခံရသူလို့ စမ်းသပ်တွေ့ရှိထားတဲ့ စုစုပေါင်းအရေအတွက်က ၁၀၀,၂၃၄ ဦး ရှိပါတယ်။ ရောဂါပြင်းထန်တဲ့ လူနာ ၁၃၃ ဦးရှိပြီး တနင်္ဂနွေနေ့ကထက် ၇ ဦး လျော့နည်းသွားတယ်လို့ တိုကျိုမြို့ အရာရှိတွေက ပြောပါတယ်။