မြန်မာရဲ့အခြေအနေအပေါ် ဂျပန်နိုင်ငံခြားရေးဝန်ကြီးစိုးရိမ်

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu က မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် အလွန်စိုးရိမ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာရပါတီရဲ့ အကြီးတန်းအဖွဲ့ဝင်တွေ ထိန်းသိမ်းခံရတဲ့ အစီရင်ခံချက်တွေ ထွက်ပေါ်လာပြီးတဲ့နောက် မစ္စတာ Motegi ဟာ တနင်္လာနေ့မှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ အရေးပေါ်အခြေအနေကို ကြေညာခဲ့ပါတယ်။
ဝန်ကြီး Motegi က အရေးပေါ်အခြေအနေကြေညာခဲ့တာ နဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ထိခိုက်ခဲ့ရတဲ့ အခြေအနေတွေအတွက် သူအင်မတန်စိုးရိမ်တယ်လို့ ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားသူတွေကို ပြန်လွှတ်ပေးဖို့ သူက တောင်းဆိုခဲ့ပါတယ်။
ဂျပန်အစိုးရဟာ မြန်မာနိုင်ငံက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို ခိုင်ခိုင်မာမာထောက်ခံနေခဲ့တယ်ဆိုတာနဲ့ အဲဒီလုပ်ငန်းစဉ်တွေကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေကို လက်မခံဘူးလို့ ကြေညာချက်ထဲမှာ ဆိုထားပါတယ်။
ဒီမိုကရက်တစ်နိုင်ငံရေးစနစ် အမြန်ဆုံးပြန်လည်ထွန်းကား လာစေဖို့ လုပ်ဆောင်ပါဆိုပြီး မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် တောင်းဆိုပါတယ်လို့လည်း အဲဒီကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။