ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ထိန်းသိမ်းခံထားရ

မြန်မာစစ်တပ်ဟာ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ အာဏာရပါတီက တခြားထိပ်တန်းခေါင်းဆောင်တွေကို ထိန်းသိမ်းထားပါတယ်။

အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်မှာ ထိန်းသိမ်းခံထားရတယ် ဆိုတာနဲ့ သမ္မတ ဦးဝင်းမြင့်ကတော့ ပါတီရဲ့ တခြားအလုပ်အမှုဆောင်တွေနဲ့အတူ ထိန်းသိမ်းခံထားရတယ် လို့ ပြောဆိုပါတယ်။
စစ်တပ်က တနင်္လာနေ့မနက်မှာ နိုင်ငံပိုင်မီဒီယာကနေတဆင့် အရေးပေါ်အခြေအနေကို ကြေညာခဲ့ပါတယ်။ အဲဒီအခြေအနေ ဟာ အချိန် ၁ နှစ်ကြာမယ်လို့ ပြောပါတယ်။ အာဏာကို ရယူ လိုက်ပြီလို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ မသမာမှုတွေလို့ သူတို့ဆိုတဲ့ ပြောဆိုခဲ့တာတွေကို ထောက်ပြပြီး အခုလိုလုပ်ရတာဖြစ်တယ်လို့ စစ်တပ်က အကြောင်းပြပါတယ်။
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံကို အုပ်ချုပ်မယ်လို့ ဆိုပါတယ်။ စစ်တပ်ရဲ့ကြီးကြပ်မှု အောက်မှာ နောက်ထပ်အထွေထွေရွေးကောက်ပွဲတစ်ခုကို ကျင်းပမယ်လို့ ပြောပါသေးတယ်။
Reuters သတင်းဌာနက အဲဒီသတင်းကို စစ်တပ်အာဏာသိမ်းမှု ဆိုပြီး အစီရင်ခံဖော်ပြခဲ့ပါတယ်။