WHO ရဲ့ စစ်ဆေးရေးအဖွဲ့ ဝူဟန်က တခြားစျေးတစ်ခုကို သွားရောက်ခဲ့

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြီးစတင်ဖြစ်ပွားခြင်းရဲ့ ဇစ်မြစ်ကို ရှာဖွေနိုင်ဖို့ လုပ်ဆောင်ကြိုးပမ်းမှုတစ်ရပ်အနေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်း (WHO)ရဲ့ စစ်ဆေးရေးအဖွဲ့ဟာ တရုတ်နိုင်ငံ Wuhan မှာရှိတဲ့ စျေးတစ်ခုကို သွားရောက်ခဲ့ ပါတယ်။

အဲဒီစျေးဟာ၊ ကမ္ဘာပေါ်မှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြီး စတင် ဖြစ်ပွားခဲ့တဲ့ ပင်လယ်စာရောင်းချတဲ့ စျေးနဲ့ ကီလိုမီတာ ၂၀လောက်ဝေးတဲ့ နေရာမှာရှိပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရာမှာ ကနဦးကြိုးပမ်းမှုတွေအောင်မြင်ခဲ့တဲ့ ဥပမာ တစ်ခု အနေနဲ့ အဲဒီစျေးကို တရုတ်အစိုးရက ပြသခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖေါ်ဝါရီ လက Wuhan မြို့မှာ သွားလာမှုတွေ ပိတ်ဆို့ဖြတ်တောက်ထားခဲ့တဲ့ အချိန်မှာ အဲဒီစျေးက ပြည်သူတွေကို စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ သူတို့က ဆိုပါတယ်။
တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှုအောက်မှာ ကူးစက်မှုတွေကို အောင်အောင်မြင်မြင်ထိန်းချုပ်နိုင်ခဲ့တဲ့ကြိုးပမ်းမှုကို ပြသတဲ့ ပြခန်းတွေကို WHO အဖွဲ့ဟာ စနေနေ့က ၂နာရီခွဲကြာလောက် ကြည့်ရှုခဲ့ပါတယ်။
တရုတ်အစိုးရအနေနဲ့ ကိုဗစ်-၁၉ အပေါ် ၊ ကနဦး တုံ့ပြန်ဆောင်ရွက်မှု နှောင့်နှေးခဲ့တယ်လို့ နိုင်ငံတကာရဲ့ ဝေဖန်မှုတွေကနေ ရှောင်လွှဲဖို့နဲ့ ၊ သူတို့ရဲ့လုပ်ဆောင်မှုမှန်ကန်ကြောင်းသက်သေထူဖို့ ကြိုးပမ်းနေပုံရပါတယ်။
ဂျပန်နဲ့ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ အဲဒီ WHO အဖွဲ့ဟာ သောကြာနေ့က စပြီး ကွင်းဆင်းစစ်ဆေးမှုတွေ အစွမ်းကုန်လုပ်ဆောင်နေ ပါတယ်။