ကိုယ်ပိုင်ကာကွယ်ရေးတပ်သူနာပြုတွေ အိုကီနာဝါမှာ ကိုဗစ်လူနာတွေကိုကူ

ဂျပန်မြေပြင်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့( GSDF )ဟာ အိုကီနာဝါကျွန်းက Miyakojima မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသူတွေကို ဆေးဘက်ဆိုင် ရာ ထောက်ပံ့ကူညီမှုတွေ စတင်ပေးနေပါတယ်။

Miyakojima မြို့ ဟာ လူဦးရေ ၅၅၀၀၀ လောက်ရှိပြီး တနင်္ဂနွေနေ့အထိ ၅ရက်တာအတွင်းမှာ ကူးစက်ခံရသူ ၁၁၀ကျော် တွေ့ရှိခဲ့ပါတယ်။ မြို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ဝန်ပိလာပြီး မနိုင်မနင်းဖြစ်နေတဲ့ အတွက် GSDF ရဲ့ သူနာပြုတွေကို စေလွှတ်ပေးဖို့ Okinawa ခရိုင်က မေတ္တာရပ်ခံခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာ Miyakojima မြို့ က သက်ကြီးသူ ပြုစုစောင့်ရှောက်‌ရေး ဂေဟာတစ်ခုဆီ သူနာပြု ၅ဦး ‌ရောက်ရှိခဲ့ပါတယ်။ စနေနေ့ကအထိ အဲဒီမှာ နေထိုင်သူ ၂၇ ဦး အပါအဝင် စုစုပေါင်း လူ၄၀ဦးဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း အတည်ပြုထားပါတယ်။ အဲဒီက ကူးစက်ခံရသူ အများစုဟာ နေပြန်ကောင်းလာကြပြီဖြစ်ပါတယ်။
သူနာပြုတွေအားလုံးဟာ ကိုဗစ်-၁၉ ကင်းစင်ကြောင်း စမ်းသပ်မှုခံယူကြပြီးမှ အဲဒီကို သွားရောက်ကူညီမှာဖြစ်ပါတယ်။ သူတို့က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ နေရသူတွေကို ဆေးကုသမှုပေးတာ ရေချိုးပေးတာ အစားအစာကျွေးမွေး တာနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်ဆောင်ရာမှာ ကူညီပေးမှာဖြစ်ပါတယ်။