တိုကျိုမှာကိုဗစ်-၁၉ ကူးစက်ခံရသူအသစ် ၆၃၃ ဦးတွေ့ရှိ

မြို့တော်တိုကျိုမှာ တနင်္ဂနွေနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၆၃၃ ဦး ရှိကြောင်း အတည်ပြုထားတယ်လို့ တိုကျိုမြို့တော်အုပ်ချုပ်ရေး အဖွဲ့ကပြောပါတယ်။

ဒါဟာ တိုကျိုမှာ တစ်နေ့တာ ကူးစက်မှုသစ် အရေအတွက် ၁၀၀၀အောက်ကို ၃ရက်ဆက်တိုက် ကျဆင်းခဲ့တာဖြစ်ပါတယ်။
အခုဆိုရင် တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ စုစုပေါင်း ၉၉၈၄၁ ဦး ရှိပြီဖြစ်ပါတယ်။။