ဂျပန်မှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ပထမဆုံးအစုလိုက်ကူးစက်မှု ဖြစ်ခဲ့

ဗြိတိန်မှာစတင်တွေ့ရှိခဲ့တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်၊ အစုလိုက်အပြုံလိုက် ကူးစက်မှုတစ်ရပ်ကို တိုကျိုမြို့တော်အနီးမှာတွေ့ရှိခဲ့ပြီး ဒါဟာ ဂျပန်မှာ ပထမဆုံး ဖြစ်ခဲ့တာလို့ယူဆရကြောင်း ဂျပန်ကျန်းမာရေးအရာရှိ တွေက ‌ပြောပါတယ်။

အဲဒီဗိုင်းရပ်စ်မျိုးကွဲဟာ မူရင်းဗိုင်းရပ်စ်ပိုးထက် ကူးစက်မှုပိုပြင်းတယ်လို့ ယူဆရပါတယ်။
Saitama ခရိုင်က အသက် ၄၀တန်းကနေ ၆၀တန်းအရွယ်ရှိ လူ ၄ဦးမှာ အဲဒီ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတာကို အတည်ပြုထားပြီးဖြစ် တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီအထဲက ၃ဦးဟာ တိုကျိုက အမျိုးသားတစ်ဦးရဲ့ အလုပ်နေရာနဲ့ ဆက်နွယ်နေ သူတွေဖြစ်ပြီး၊ တခြားတစ်ဦးကတော့ သူတို့ထက်ပိုစောတဲ့ ကာလမှာကူးစက်ခံခဲ့ ရကြောင်းတွေ့ရှိထားသူဖြစ်ပါတယ်။
စောစောကပြောခဲ့တဲ့ အလုပ်နေရာကတစ်ဆင့် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် အစုလိုက်အပြုံလိုက် ကူးစက်ခံခဲ့ရတာဖြစ်နိုင်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန က ယူဆထားပါတယ်။ အဲဒီကနေ အမျိုးအစားတူဗိုင်းရပ်စ်ပိုးကူးစက်ခံခဲ့ရသူ ၇ဦး တွေ့ရှိခဲ့ပါတယ်။
ဒီအတောအတွင်း တိုကျိုမှာလည်း အသက်၅၀တန်းအရွယ် အမျိုးသားတစ်ဦး နဲ့ဆက်နွယ်ပြီး မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုတစ်ရပ် တွေ့ရှိခဲ့ ပါတယ်။ သူဟာ ဗြိတိန်ကို သွားရောက်ခဲ့ခြင်းမရှိပေမဲ့ မျိုးဗီဇပြောင်း ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း အစောပိုင်းမှာ စမ်းသပ်တွေ့ရှိထားတဲ့ အသက်၅၀တန်းအရွယ်အမျိုးသမီးတစ်ဦးနဲ့ အနီးကပ်ထိတွေ့မှုရှိသူ ဖြစ်ပါတယ်။
မကြာခင်ကာလအတွင်း ဗြိတိန်ကို သွားရောက်ခဲ့ခြင်းမရှိသူ ဒါမှမဟုတ် ဗြိတိန်ကိုသွားရောက်ခဲ့သူတစ်ဦးဦးနဲ့ထိတွေ့ခဲ့ခြင်း မရှိသူ စုစုပေါင်း လူ၁၅ ဦးမှာ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရကြောင်း တွေ့ရှိထား ပါတယ်။