Chiba မှာနေထိုင်တဲ့ နိုင်ငံခြားသားတွေအတွက် ကိုရိုနာဗိုင်းရပ်စ် အရေးပေါ်လိုင်း ဝန်ဆောင်မှုပေး

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေတဲ့ကြားမှာ နိုင်ငံခြားသား နေထိုင်သူတွေ ဘာသာစကား အခက်အခဲတွေကို ကျော်လွှားပြီး ကျန်းမာရေး စောင့်ရှောက်မှုရရှိရေး အကူအညီပေးဖို့ တိုကျိုမြို့အရှေ့ဘက် ချိဘ ခရိုင်က စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဖျားနာတာ ဒါမှမဟုတ် တခြားရောဂါ လက္ခဏာတွေ ဖြစ်နေတယ်လို့ ပြောတဲ့ နိုင်ငံခြားသားတွေကို ဘာသာစကား ၁၂ မျိုးနဲ့ တိုင်ပင်ဆွေးနွေးတဲ့ ဝန်ဆောင်မှုကို ချိဘ နိုင်ငံတကာစင်တာက တယ်လီဖုန်းနဲ့ ပြုလုပ်ပေး နေပါတယ်။ ပြီးခဲ့လကတည်းက အဲဒီစင်တာဟာ နိုင်ငံခြားသားတွေကို အထူးဆေးရုံ ဆေးခန်းတွေဆီ လွှဲပြောင်းပေးနေပါတယ်။ ဒါ့အပြင် တယ်လီဖုန်းနဲ့ ရောဂါ လက္ခဏာအကြောင်း ဆရာဝန်တွေသိအောင် ဘာသာပြန် ဝန်ဆောင်မှုကိုလည်း စီစဉ်ပေးပါတယ်။
အဲဒီစင်တာဟာ နှစ်စကနေ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ စုံစမ်းမေးမြန်းမှု ၂၃ ခု လက်ခံရခဲ့ပါတယ်။ နိုင်ငံခြားသားနေထိုင်သူ အများအပြားက သူတို့မှာ ရောဂါလက္ခဏာပြလာတဲ့အခါမှာ ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာ မသိကြပါဘူး။
အဲဒီစင်တာဟာ စုံစမ်းမေးမြန်းသူတွေကို အနီးဆုံးမှာရှိတဲ့ ဆေးရုံ ဆေးခန်းတွေကို လမ်းညွှန်ပေးပြီး ရောဂါလက္ခဏာတွေနဲ့ ပတ်သက်လို့ ဆရာဝန်တွေနဲ့ ဆက်သွယ်ပြောဆိုဖို့ တယ်လီဖုန်းကနေ တစ်ဆင့် ဘာသာစကား ၁၂ မျိုးနဲ့ သူတို့ကို ကူညီပေးနေပါတယ်။
အဲဒီစင်တာရဲ့ အကြံပေးဆွေးနွေးတဲ့ဝန်ဆောင်မှုကို အရေးပေါ် အခြေအနေကြေညာထားတဲ့အချိန်အတွင်းမှာ တယ်လီဖုန်း တစ်မျိုးတည်းနဲ့သာ ဆက်သွယ်ရယူနိုင်ပါတယ်။ ဝန်ဆောင်မှုက အခမဲ့ ဖြစ်ပါတယ်။