၂၀၂၀ အတွက် အမေရိကန်ရဲ့ GDP ၇၄ နှစ်အတွင်း အဆိုးရွားဆုံး ကျဆင်း

အမေရိကန် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ်က နိုင်ငံရဲ့ စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ဟာ ဒုတိယကမ္ဘာစစ် ပြီးပြီးချင်းနောက်ပိုင်း ၇၄ နှစ်အတွင်းမှာ အဆိုးရွားဆုံး ကျဆင်းမှု ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်တဲ့ စီးပွားရေး ကန့်သတ်ချက်တွေကနေ သိသာထင်ရှားတဲ့ ဆိုးကျိုးကို ပြတဲ့ နောက်ထပ် အထောက်အထားတစ်ခု ဖြစ်ပါတယ်။

ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ပဏာမအချက်အလက်တွေမှာ ၂၀၂၀ ပြည့်နှစ်အတွက် အမေရိကန်ရဲ့ GDP ဟာ မနှစ်က အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ပကတိအားဖြင့် ၃.၅ ရာခိုင်းနှုန်းကျဆင်းခဲ့တယ်လို့ ဖော်ပြနေပါတယ်။ ဒါဟာ ကမ္ဘာ့ငွေကြေးအကျပ်အတည်းကြောင့် ၂၀၀၉ ခုနှစ်က မှတ်တမ်းတင်ခဲ့တဲ့ ကျုံ့ဝင်မှု နောက်ပိုင်း နိုင်ငံရဲ့ ပထမဆုံး အနုတ်လက္ခဏာဆောင်တဲ့ စီးပွားရေးကျဆင်းမှု ဖြစ်ပါတယ်။
အမေရိကန်စီးပွားရေးဟာ ၂၀၂၀ ပြည့်နှစ် အလယ်နောက်ပိုင်းကတည်းက ပြန်တက်လာနေခဲ့ပါတယ်။ ဒါပေမဲ့ အခုဆောင်းရာသီမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုအရေအတွက် တစ်ဖန်ပြန်ပြီး တစ်ဟုန်ထိုး များပြားခဲ့တာကြောင့် စီးပွားရေး နာလန်ထူလာမှုက နှေးကွေးလာနေ ပါတယ်။
ဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ဖို့ ကာကွယ်ဆေးထိုးခြင်းဟာ အနာဂတ်မှာ အမေရိကန်ရဲ့ စီးပွားရေး တိုးတက်မှုအတွက် အဓိကကျတဲ့ အချက်တွေထဲက တစ်ခုဖြစ်တယ်လို့ ယူဆရပါတယ်။