ထိုင်ဝမ်အရေး တရုတ်ရဲ့ကြေညာချက်အပေါ် အမေရိကန်တုံ့ပြန်

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူက ထိုင်ဝမ်နဲ့ ပတ်သက်ပြီး တင်းမာမှုတွေဟာ ထိပ်တိုက်တွေ့စရာအထိ ဦးတည်သွားမယ့် အကြောင်းရင်း မရှိသင့်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

တရုတ်အစိုးရက ထိုင်ဝမ်ရဲ့ လွတ်လပ်ရေးဆိုတာဟာ စစ်ပွဲပဲဆိုပြီး ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီးနောက် ကြာသပတေးနေ့မှာပဲ ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေးမှူး John Kirby က အဲဒီလို မှတ်ချက်ပြု ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
လတ်တလောကာလအတွင်း ထိုင်ဝမ်အနီးမှာ တရုတ်ရဲ့စစ်ရေးလှုပ်ရှားမှုတွေဟာ ပြည်ပရဲ့ ဝင်ရောက်စွက်ဖက်မှုတွေနဲ့ ထိုင်ဝမ်မှာရှိတဲ့ သီးခြားလွတ်လပ်မှုကို လိုလားတဲ့ အင်အားစုတွေရဲ့ ရန်လိုမှုတွေကို စိုးရိမ်မှုနဲ့ တုံ့ပြန်တာ ဖြစ်တယ်လို့ တရုတ်က ပြောခဲ့ပါတယ်။
မစ္စတာ Kirby က တရုတ်အစိုးရရဲ့ မှတ်ချက်ဟာ မဖြစ်သင့်ဘူး ဆိုတာနဲ့ ဥပဒေကြောင်းနဲ့အညီ လုပ်ဆောင်ဖို့အတွက် အမေရိကန်က ရည်မှန်းထားတာနဲ့ မကိုက်ညီဘူးလို့ ဆိုပါတယ်။
ထိုင်ဝမ်နဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမယ့် အမေရိကန်ရဲ့ ရပ်တည်ချက်ကို မစ္စတာ Kirby က အလေးပေးပြောဆိုခဲ့ပြီး ထိုင်ဝမ်ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးကို အမေရိကန်ဟာ ပံ့ပိုးဖို့ လိုတယ်လို့ မှတ်ယူထားပြီး အဲဒါဟာ ဆက်ရှိနေမှာဖြစ်တယ်လို့လည်း ဆိုလိုက်ပါတယ်။