တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၈၆၈ ဦး အတည်ပြု

သောကြာနေ့က မြို့တော် တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၈၆၈ ဦး ရှိကြောင်း တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။

တစ်နေ့တာ ကူးစက်ခံရသူအသစ် အရေအတွက် တစ်ထောင်အောက် ရောက်သွားတာ ဗုဒ္ဓဟူးနေ့က နောက်ဆုံး ဖြစ်ပါတယ်။
အခုအခါ တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စစ်ဆေးအတည်ပြုခံရသူ စုစုပေါင်း ၉၈,၄၃၉ ဦး ရှိပြီ ဖြစ်ပါတယ်။
ကူးစက်ခံထားရသူ လူနာ ၁၄၇ဦးဟာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်လို့ အရာရှိတွေက ဆိုပါတယ်။ ဒါဟာ ကြာသပတေးနေ့ကထက် ၃ ဦး ကျဆင်းလာတာ ဖြစ်ပါတယ်။