တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၉၇၃ ဦး ရှိခဲ့ကြောင်း အတည်ပြု

ဗုဒ္ဓဟူးနေ့က မြို့တော်တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၉၇၃ဦးရှိခဲ့ကြောင်း မြို့တော် အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။

တစ်နေ့တာ ကူးစက်ခံရသူအရေအတွက် ၁,၀၀၀ အောက်ကို ထပ်မံကျဆင်းခဲ့ပါတယ်။ တနင်္ဂနွေနေ့ နဲ့ တနင်္လာနေ့တွေ တုန်းကလည်း အဲဒီလို ကျဆင်းခဲ့ပြီးတဲ့နောက် အင်္ဂါနေ့က အနည်းငယ်ပြန်တက်ခဲ့ပါတယ်။
အခုအခါတိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၉၆,၅၀၇ဦးရှိလာပြီ ဖြစ်ပါတယ်။
ရောဂါပြင်းထန်တဲ့လူနာအရေအတွက် ၁၅၉ဦးရှိခဲ့ပြီး အင်္ဂါနေ့ကထက် ၁၁ဦး တိုးလာခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။