မေလနောက်ပိုင်း ပထမဦးဆုံး ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု တရုတ် သတင်းထုတ်ပြန်

ရှစ်လအတွင်း ပထမဦးဆုံး ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုကို တရုတ်နိုင်ငံက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က နိုင်ငံအတွင်းမှာ ရောဂါလက္ခဏာပြသူ ၁၃၈ ဦး ရောဂါလက္ခဏာ မပြသူ ၇၈ ဦး အတည်ပြုခဲ့တယ်လို့ တရုတ်နိုင်ငံ ကျန်းမာရေးကော်မရှင်က ဆိုပါတယ်။ ပေကျင်း အနီးက Hebei ပြည်နယ်မှာ လူ တစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဒါဟာ မေလ ၁၆ ရက်နေ့ နောက်ပိုင်း တရုတ်ပြည်မကြီးမှာ ပထမဦးဆုံး ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု ဖြစ်ပါတယ်။
အခုလ အစောပိုင်းကတည်းက Hebei ပြည်နယ်မှာ အဓိကအားဖြင့် ပြည်နယ်ရဲ့ မြို့တော် Shijiazhuang မှာ ကူးစက်မှုတွေ ပျံ့နှံ့လာခဲ့ပါတယ်။
အဲဒီမြို့မှာ ကူးစက်ခံရသူ ၆၀၀ အတည်ပြုထားပါတယ်။
မြို့နေပြည်သူ ၁၀ သန်းအနေနဲ့ PCR စမ်းသပ်မှု နှစ်ကြိမ် လုပ်ဆောင်ဖို့နဲ့ အိမ်မှာပဲ နေကြဖို့ ဒေသန္တရအရာရှိတွေက ပြောနေပါတယ်။