တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအသစ် ၁,၅၀၂ ဦး အတည်ပြု

ကြာသပတေးနေ့က တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁,၅၀၂ ဦးရှိတယ်လို့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။

တိုကျိုမှာ တစ်နေ့တာ ကူးစက်သူ အရေအတွက် ၂ ရက် ဆက်တိုက် တစ်ထောင်ကျော်တာ ဖြစ်ပါတယ်။
ဒီပမာဏဟာ တိုကျိုရဲ့ ကြာသပတေးနေ့တွေထဲမှာတော့ ဒုတိယအများဆုံး ဖြစ်ပါတယ်။ အများဆုံး စံချိန်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ် ကြာသပတေးနေ့ ဖြစ်ပြီး ၂,၄၄၇ ဦး ဖြစ်ပါတယ်။
အခုအခါ တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း စစ်ဆေးမှု ရလဒ် ပေါ်ထွက်ခဲ့သူ စုစုပေါင်း ၈၀,၀၆၈ ဦး ရှိသွားပြီ ဖြစ်ပါတယ်။