ဂျပန်အစိုးရက နိုင်ငံခြားသားအားလုံးကို ပြည်ဝင်ခွင့်ပိတ်ပင်မယ်

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ်ကူးစက်မှုတွေ နိုင်ငံတကာမှာ ဖြစ်ပွားနေတာကို အတည်ပြုပြီးတဲ့နောက် ဂျပန်အစိုးရဟာ နိုင်ငံနဲ့ဒေသပေါင်း ၁၁ ခုနဲ့ ဂျပန်နဲ့အကြား စီးပွားရေးလုပ်ငန်းနဲ့ သွားလာမှုကို တားမြစ်ဖို့စီစဉ်နေတယ်လို့ သတင်းရရှိပါတယ်။

အထူးအခြေအနေကလွဲပြီး ဂျပန်နိုင်ငံတွင်းကို နိုင်ငံခြားသား ဝင်ရောက်ခွင့်အားလုံး ပိတ်ပင်မှာ ဖြစ်ပါတယ်။
ဗြိတိန်နဲ့ တခြားနိုင်ငံတွေမှာ ကူးစက်မြန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားနေတာကို အတည်ပြုပြီးတဲ့နောက် ဂျပန်အစိုးရဟာ ပြီးခဲ့တဲ့လက စတင်ပြီး ကမ္ဘာတစ်ဝန်းကနေ ဂျပန်နိုင်ငံကို ပထမဆုံးအကြိမ် ဝင်ရောက်မယ့် နိုင်ငံခြားသား အားလုံးကို ပိတ်ပင်ခဲ့ပေမဲ့ တရုတ်၊တောင်ကိုရီးယား အပါအဝင် နိုင်ငံနဲ့ဒေသပေါင်း ၁၁ခုက စီးပွားရေးသမားတွေကိုတော့ သွားလာခွင့် ဆက်လက်ပေးထားခဲ့ပါတယ်။
အခုလို အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးတဲ့နောက် ပြည်ဝင်ခွင့် သတ်မှတ်ချက်ကိုလည်း တင်းတင်းကြပ်ကြပ် ပြုလုပ်ဖို့ လိုအပ်တယ်လို့ စဉ်းစားပြီး ကူးစက်မြန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိမှု မရှိသော်လည်း ပြည်ဝင်ခွင့် ပြုမှာမဟုတ်ဘူးလို့ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။
အဲဒါကြောင့် မိသားစုဝင် ဆုံးပါးသွားတာ ဒါမှမဟုတ် ကလေးမွေးဖွားတာ စတဲ့ အထူး အခြေအနေကလွဲလို့ နိုင်ငံခြားသားတွေ ဂျပန်နိုင်ငံကို ဝင်ရောက်ခွင့်အားလုံး ကန့်သတ်တဲ့အနေအထား ဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။