တိုကျိုမှာ ဗုဒ္ဓဟူးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အသစ် ၁,၄၃၃ ဦး အတည်ပြု

တိုကျိုမှာ ဗုဒ္ဓဟူးနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အသစ် ၁,၄၃၃ ဦး အတည်ပြုခဲ့ကြောင်း တိုကျိုမြို့တော်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒီကိန်းဂဏန်းဟာ လွန်ခဲ့တဲ့ သီတင်းပတ်အကြာက ကူးစက်ခံရသူ ၁,၅၉၁ ဦး ရှိခဲ့ပြီးနောက်ပိုင်း ဗုဒ္ဓဟူးနေ့တွေထဲမှာ ဒုတိယအမြင့်ဆုံး ဖြစ်ပါတယ်။
အခုအခါ တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အတည်ပြုခဲ့သူ စုစုပေါင်း ၇၈,၅၆၆ ဦး ရှိသွားပြီ ဖြစ်ပါတယ်။